Khit Thit သတင်းဌာန၏ ဇူလိုင် ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်ကောင်စီက မန္တလေးတောင်ပေါ်၊ မြို့လယ်အထပ်မြင့်ဟိုတယ်၊ မန်းပလာဇာနဲ့ အထပ်မြင့် တိုက်တွေအပေါ်မှာ စစ်ကောင်စီက တပ်စွဲနေရာချထားမှုတွေရှိနေတယ်လို့ မန္တလေးဒေသပြည်သူတွေနဲ့ ဟိုတယ်အသိုင်းအဝိုင်းကပြောပါတယ်။

– ကိုးကန့် MNDAA က ဇူလိုင် ၁၄ ည ၁၂ နာရီကစတင်ပြီး ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန်အထိ ထိုးစစ်ကို ၄ ရက်ကြာ ရပ်နားသွားမယ်လို့ အမိန့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

– အကြမ်းဖက်စစ်အာဏာရှင် မင်းအောင်လှိုင်ကြောင့် တပ်မတော်သားတွေဟာ မိသားစုနဲ့ကွဲကွာကာ အသက်ဘေးနဲ့ရင်ဆိုင်နေရတယ်လို့ လားရှိုးမြို့နယ်မှာ MNDAAဆီမှာ လက်နက်ချအလင်းဝင်လာတဲ့ တပ်ကြပ် မျိုးဇော်က ပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။